• Havaianas History from [1962]

    1962

ံHavaianas ရဲ အမည်ဟာ ပေါ်တူဂီဘာသာစကားဖြင့် Hawaiians လို့ အမည်ခေါ်တွင်ပါသည်။ ပထမဆုံး Havaianas ဖိနပ်ကိုတော့ 1962 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ဂျပန်ရိုးရာ ကောက်ရိုးဖိနပ် ဖြစ်သော Zori ကို အခြေခံပြီး ထုတ်လုပ်ခဲ့ ပါသည်။ Havaianas ဖိနပ်မျက်နှာပြင်မှာ ဆန်စပါးစေ့ပုံစံ အရာလေးများရှိပြီး Havaianas ဖိနပ်၏ သိသာထင်ရှားသော အကြောင်းအရာများထဲ မှ တစ်ခုပင်ဖြစ်သည်။

  • Havaianas History from [1962]

    1964

    1964 ခုနှစ်မှာတော့ ဘရားဇီးနိုင်ငံရှိ အလုပ်သမားတိုင်းနီးပါးဝတ်ဆင်ကြပါသည်။ ဘရာဇီးနိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးသမားများက ၄င်းတို့၏ Volkswagen ဗန်ကားများပေါ်တင် ကာ မြို့ ပြတွင်သာမက တောပါမကျန် လှည့်လည်ရောင်းချခဲ့ ကြပါသည်။ အဆိုပါဗန်ကားများဟာ စိတ်လှုပ်ရှားစရာဈေးကွက်ဖြစ်ခဲ့ပြီး Havaianas ဖိနပ်များကို ရိုးရှင်းသော ပလတ်စတစ် အိပ်များဖြင့် ထုပ်ပိုးဖြန့် ချီ ခဲ့ ပါသည်။

  • 1966

    Havaianas ဟာ ရာဘာစစ်စစ်ဖြင့်ပြုလုပ်ထားသော Flip-flop ဖိနပ်အမျိုးအစားဖြစ်ပါသည်။ 1966 ခုနှစ်မှာတော့ Havaianas ၏ မိခင် ကုမ္မဏီဖြစ်သော ALPARGATAS မှ ဖိနပ်ဒီဇိုင်းအသစ်ပြောင်းလဲကာ ဆန်းသစ် သော သဲကြိုး ပုံစံဖြင် မှတ်ပုံတင်ခဲ့ပါသည်။

  • 1969

    Havaianas ဖိနပ်ကို ရိုးရာအခြေခံဖြစ်သော အပြာနှင့်အဖြူရောင်နှင့် သာရရှိနိုင်သေးသည်။ သို့ သော်လည်း ထုတ်လုပ်ရေးအပိုင်းမှ မှားယွင်းစွာ ထုတ်လုပ်လိုက်သော အစိမ်းရောင်ဖိနပ်မှာ မထင်ထားဘဲ ဈေးကွက်ထဲ ထိုးဖောက်သွားနိုင်ခဲ့ သည်။ Customer ၏တုံ့ ပြန်မှု များမှာ အပြုသဘောဆောင်သည့်အတွက် ရရှိလာသော အခွင့်အလမ်းများကို အမိအရယူကာ အနက်၊အညို၊နှင့် အ၀ါရောင်များကို ပါ ထက်တိုးထုတ်ဝေခဲ့ပါသည်။

  • 1970

    1970 ပြည့်နှစ်များက hippie တွေရဲ့ အချစ်၊ ငြိမ်းချမ်းရေးနဲ့  မိမိထံမှ အပိုတန်ဆာ အသုံးအဆောင်များကို စွန့် ပစ်ချင်း လှုပ်ရှားမှုတွင် လူငယ်များနှင့် ဘရာဇီးနိုင်ငံရေးသမားများက Havaianas ဖိနပ်များစီးကာ လှုပ်ရှားမှုတွင်ဝင်ရောက်လာတဲ့အခါ Havaianas ဖိနပ်များကို ပိုပြီး ထင်ရှားလာစေခဲ့ပါတယ်။

  • 1973

    1970 ပြည့်နှစ်များကလူတွေဟာ Havaianas ဖိနပ်ကိုလိုက်လံတုပပြီး ထုတ်လုပ်ဖို့ ကြိုးစားကြတယ်ဆိုရင် သင်ယုံကြည်နိုင်မလား?ံထိုအကြောင်းအရာများကြောင့် Havaianas ဟာ မိမိ၏ အမှတ်တံဆိပ် အကျိုးစီးပွား ကို အုတ်မြစ်ရယူရန် အတွက် “Protect yourself from phonies Havaianas – the real ones. They don’t lose their shape, don’t smell and the straps don’t come loose.” ဟူသော ကြော်ငြာ ဆောင်ပုဒ်ကို ကြွေးကြော်ခဲ့ပါသည်။

  • 1973

    Havaianas Brand တစ်ခုအဖြစ်စည်းရုံး လှုံဆော်မှုများ ကို အသစ်အဆန်းတီထွင်ကာ ထိုးဖောက်ခဲ့ပါသည်။ Havaianas ၏ ပျော်ရွှင်စရာ အတိဖြစ်သော ပုံရိပ်ကို အားဖြည့်တင်းရန် အတွက် ၁၃၈ ပေနှင့် အလေးချိန် ၄ တန်ရှိသော ကြီးမားလှသည့်ဖိနပ်များကို တီထွင်ကာ Havaianas TV ကြော်ငြာများအတွက်အသုံးပြုခဲ့ ပါသည်။အနယ်နယ် အရပ်ရပ်မှ နိုင်ငံကျော်အနုပညာရှင်များက လဲ Havaianas ဖိနပ်ကြီးများပေါ်တွင်လမ်းလျှောက်ကာ ပါဝင်လာခဲ့သည်။

  • 1980

    ဘရာဇီးနိုင်ငံသားတွေရဲ့  ပုံမှန်နေထိုင်မူဘ၀ တွေ မှာ Havaianas ဟာတရားဝင် မရှိမဖြစ်အခြေခံ ကုန်ပစ္စည်းအဖြစ်လက်ခံလာကြပါတယ်။ အဲဒီအချိန်မှာတော့ Havaianas ဖိနပ်တွေကို နိုင်ငံတကာသို့  သန်းနှင့်ချီကာ တင်ပို့ ရောင်းချနေပြီး အဆိုပါအကြောင်းအရာများ ကြောင့် ဘရာဇီးနိုင်ငံအုပ်ချုပ်သူတွေဟာ Havaianas ဖိနပ်တွေကို ဆန်နှင့်ဂျုံမှုန့် များနည်းတူ နိုင်ငံတကာငွေကြေးအတွက် အထောက်အကူပြု သော ကုန်သွယ်မှုဟု သတ်မှတ်ခဲ့ပါတယ်

  • 1994

    Havaianas ဖိနပ်တွေကို လူတော်တော်ဝတ်လာကြပြီလေ. . . အောင်မြင်ကြော်ကြားတဲ့လူတွေကော မထင်မရှားလူတွေပါမကျန် ၀တ်ဆင်လာကြပြီလေ. . .ဘရာဇီးနိုင်ငံသားတွေကတော့ အချိန်အခါ အားလျော်စွာ Havaianas ဖိနပ်တွေ က အလွတ်မပေးပဲစီးနေကြပြီလေ. .

  • 1995

    ၉၀ ပြည့်နှစ်တွေမှာတော့ အောင်မြင်ကြော်ကြားမှုတွေ ဆက်လက်တည်တံ့ နိုင်စေဖို့ အတွက် Havaianas ဖိနပ်တွေကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရောင်စုံဒီဇိုင်းပုံနှိပ်ထုတ်လုပ်ခဲ့ ပါတယ်. . ခေါင်ရမ်းပန်းပုံစံ ဒီဇိုင်းအသစ်ဖြင့် Havaianas Floral အမည်သမုတ်ကာ ထက်တိုးထုတ်လုပ်ခဲ့ ပါတယ်.... ( ပထမဆုံး အကြိမ်အများဆုံးပုံနှိပ်ခဲ့သော ဒီဇိုင်းအဖြစ် မှတ်တမ်းတွင်ခဲ့ပါတယ်)

  • 1996

    ၉၀ ပြည့်နှစ်တွေက Havaianas အတွက်တော့ ဘ၀အချိုးအကွေ့ ဖြစ်ခဲ့ပါတယ်. . .ကာလာစပ်အမျိုးအစားများ မထုတ်ဝေတော့ပဲ ဒီဇိုင်းတစ်ခုလုံးကို အရောင်တစ်ရောင်ထဲ ဖြင့် ပြုပြင်ပြောင်းလဲကာ Havaianas Top ဟု ယနေ့ အချိန်ထိနှစ်သက်မြတ်နိုးစွာ သုံးစွဲကြသော ဖိနပ်ကိုထုတ်လုပ်ခဲ့ပါတယ် . . . ယနေ့ အချိန်တွင် ရောင်စုံကာလာ ၁၅ ရောင်အထိတိုးချဲ့ ထုတ်လုပ်ခဲ့ပါသည်။

  • 1998

    ၉၈ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲဟာ Havaianas ၏ ရောင်းအားအကောင်းဆုံးပစ္စည်းဖြစ်သော Brasil တံဆိပ်ကိုမွေးဖွားခဲ့ပါတယ်. .ကမ္ဘာဖလား ပြိုင်ပွဲကို ပါဝင်ဆင်နွဲသောအနေဖြင့် ဖိနပ်သဲကြိုးအပေါ်တွင် ဘရားဇီးအလံ အငယ်စားကို ထည့်သွင်းကာ မကြာခင်အချိန်တွင်းမှာပဲ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ အလံငယ်လေးတွေပါ ထည့်သွင်းနိုင်ခဲ့ သည်။ ဘရာဇီးနိုင်ငံ အနေဖြင့် ကမ္ဘာဖလားတွင်ရှုံးနိမ့်ခဲ့သော်လည်း Havaianas အတွက် အောင်မြင်သော နှစ်ဖြစ်ခဲ့သည်။

  • 1998

    အခုဆိုရင် Brazil နိုင်ငံရဲ့ အမှတ်အသားတစ်ခု ဖြစ်လာတဲ့ Havaianas ဟာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေရဲ့ ခရီးဆောင်အိတ်တွေက တစ်ဆင့် အခြားသော နိုင်ငံများသို့ အမှတ်တရ လက်ဆောင်ပေးရန်နှင့် ပြန်လည်ရောင်းချရန် စတင်ပြန့်ပွားလာခဲ့ပြီ ဖြစ်သည်။ ထိုသို့အားဖြင့် Havaianas ၏ နိုင်ငံတကာ ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

  • 1999

ံHavaianas အမှတ်တံဆပ်ဟာ အိမ်ထာင်စုတွေမှာ မရှိမဖြစ်တွဲဖက်အနေဖြင့် ကမ္ဘာကျော်အမှတ်တံဆိပ်တန်းဝင်လာခဲ့ပါတယ်. . .ပထမဆုံးလမ်းကြောင်းအနေဖြင့် ပြင်သစ်ဒီဇိုင်းနာ Jean Paul Gaultier ၏ ဖက်ရှင်ရှိုးတွင် စတင်ပါဝင်ခဲ့ပါတယ် . . သိပ်မကြာခင် အချိန်မှာပဲ Havaianas Brand အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးသော ကမ္ဘာအရပ်ရပ်မှာ ဒီဇိုင်းနာများဖြင် ရွှေလက်တွဲ ကာ ဆက်လက်လုပ်ကိုင်ခဲ့ ပါတယ်. . .

  • 1999

    Havaianas ရဲ့ ဈေးကွက်ကြီးထွားမှုနှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်နှုန်းမြင့်တိုးတက်လာခဲ့ပါတယ်. . Spain, Portugal, Italy, France, England, USA, Dominican Republic and Japan နိုင်ငံတွေကို တရားဝင် စတင်ဖြန့် ချီခဲ့ ပြီး ယနေ့ အချိန်တွင် နိုင်ငံပေါင်း ၆၀ ကျော်မှာ မြင်တွေ့ လာနိုင်ပါပြီ. . .

  • 2000

    Y2K ဟုခေါ်သော လူအများစိုးရိမ်ကြောင့်ကြရသော သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် Havaianas ကို အထူးစပါယ်ရှယ်ထင်ရှားသော အမှတ်အသားဖြစ်အောင်တီထွင်ခဲ့သည်... အဲဒီဟာကတော့ အမှာင်ထဲမှ အရောင် တောက်ပသော ပထမဆုံးဖိနပ်အမျိုးအစားဖြစ်ခဲ့သည်။

  •  

     

    2001

    Havaianas Special Collection မွေးဖွားခြင်းကတော့ Havaianas ကို ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်အဖြစ်မှတ်ကျောက်တင်ခံရခြင်းပါပဲ. . . ဖိနပ်ရဲ့ အပြင်ပိုင်းဒီဇိုင်းတွေကို ဘရာဇီးနိုင်ငံမြောက်ပိုင်းမှ လက်မှုပညာရှင်များ၏ အကူအညီဖြင့် ကျောက်မျက်ရတနာ များ စီချယ်သကာ ခေတ်အဆန်ဆုံး ဖြစ်ပြီး သူများနှင်မတူတမူထူးခြားခဲ့ခြင်းကလဲ ၄င်း၏ အားသာချက်ပင်ဖြစ်သည်။

  • 2003

    Havaianas ရဲ့ ကြီးကျယ်ခမ်းနားမှုတွေဟာ အာရှဒေသတွင်း ဖိလစ်ပိုင်နိုင်ငံမှာလဲ ပြန့် နှံခဲ့ပါတယ်...ကမ်းခြေဒေသတွင်းနိုင်ငံတွေမှာ ကမ်းခြေတွေသွားကြရအောင်ဟု ဆိုလိုက်သည်နှင့် Havaianas ဟာ မပါမဖြစ် အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပါတယ်. . .

  • 2003

    ယခုနှစ်အတွက်အော်စကာဆု ရရှိသွားသူကတော့ Havaianas ဖြစ်ပါတယ် . . . ဟုတ်ပါတယ် နိုင်ငံတကာအထင်ကရပွဲတွေ မှာ Havaianas ဖိနပ်တွေကို လက်ဆောင်အဖြစ်ပေးအပ်ကြပါတယ်. . .ဒေါက်အမြင့်တွေ ရှုးဖိနပ်တွေဝတ်ပြီးတဲ့ အချိန်မှာ Havaianas ဖိနပ်ကိုစီးတာလောက် ကောင်းမွန်တဲ့ အရသာမရှိပါဘူး . . .

  • 2004

    Havaianas ဟာ ဘရာဇီးနိုင်ငံ စီးပွားရေးသုတေသနအဖွဲ့ နှင့်ပူးပေါင်းပြီး IPE ဟုခေါ်သောဘရာဇီးနိုင်ငံပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရန်အတွက် ပျောက်ကွယ်လုနီးပါးဖြစ်သော the Black-Faced Lion Tamarin, the Maned Wolf and the Blue Macaw များအတွက် Havaianas IPE ဖိနပ်ဝယ်ယူသူတိုင်း ၇ % တိုက်ရိုက်လှူဒါန်းခဲ့ပါတယ်. . .

  • 2004

    ၂၀၀၄ ခုနှစ်မှာ တော့ Havaianas ဟာ ဘရာဇီးကျောက်မျက်ရတနာကျွမ်းကျင်ပညာရှင် jeweler H.Stern ပူးပေါင်းပြီး Special edition အနေဖြင့် ၁၈ ကာရက်အလေးချိန်ရှိသော ရွှေနှင့် စိန် များ ပေါင်းစပ်ကာ တီထွင်ထုတ်လုပ်ခဲ့ပါတယ်. . .

  • 2004

    အိန္ဒိယ သမုဒ္ဒရာမှာရှိတဲ့  Mauritius ကျွန်းဆွယ်ကနေ စပြီး ကမ်းခြေဒေသ တွေမှာ Havaianas ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်. . .ယနေ့ အချိန်အခါမှာတော့ Seychelles, Mayotte and Maldives စတဲ့ အပန်းဖြေ ကျွန်းဆွယ်တွေမှာပါ တွေ့ မြင်နေရပြီဖြစ်ပါတယ်. . .

  • 2005

    ပေါ့ပေါ့ပါးပါးဖြစ်တဲ့ သောကြာနေ့ တစ်နေ့ မှာ ဘရာဇီးနိုင်ငံသားတွေ အတွက် ဝေါဟာရတစ်ခုထွက်ပေါ်လာပါတယ် အဲတာကတော့ Sao Paulo ရှိ ပညာရေးကျောင်းတွေကို Havaianas ဖိနပ် ၀တ်လာခွင့်မရှိဘူးလို့ ကန့် ကွက်ခဲ့ လို ပါပဲ . . .အဲဒါကို အခြေခံပြီးတော့ တစ်ချို့ ရုံးတွေမှာ အဆိုပါ့ နေ့ ကို Havaianas နေ့ လို့ တောင်ခေါ်တွင် ခဲ့စေပါတယ် . . .

  • 2006

    Havaianas Slim အဖြစ် တမူထူးခြားစွာ ထုတ်လုပ်ခဲ့ချိန်မှာတော့ ၄င်း၏ပါးလွှာသော ကြိုးပုံစံနှင့် စတိုင်ကျနမှုကြောင့် အမျိုးသမီးများ၏ လက်စွဲဖိနပ်အဖြစ်ရောက်ရှိခဲ့ သေးပါတယ်. . .

  • 2006

    Australia နိုင်ငံမှာတော့ Havaianas ဟာ ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်. . .ထောင်နှင့်ချီသောနိုင်ငံသားတွေဟာ ကမ်းခြေမှာ စုဝေးခဲ့ကြပြီး Havaianas ဖိနပ်ကို ဖောင်တွေနှင့် ပုံတူပြုလုပ်ကာ ပြိုင်ပွဲဝင်ခဲ့ပါတယ်. . .

  • 2007

    Havaianas ကို ထိုင်ဝမ်လူမျိုးများက အသံထွက်ခေါ်ရန်ခက်ခဲသော်လည်း ထိုင်ဝမ်နိုင်ငံတွင် စတင်ဖြန့် ဖြူးခဲ့ သည်... သို့ ပေမယ့် ပြသာနာ မရှိပါဘူး ... သူတို့ ခြေထောက်အောက်ရောက်တဲ့ အခါ သူတို့ အလိုလို နားလည်သွားပါလိမ့်မယ်. . .

  • 2007

    Havaianas ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ပိတ်ရက်မရှိ တရားဝင်ရုံးခန်းစတင်ဖွင့်လှစ်ခဲ့ပါသည်. . .

  • 2008

    Havaianas ဌာနချုပ်ကို စပိန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ် . . ယနေ့ အချိန်မှာတော့ဌာနခွဲအနေနှင့် ပေါ်တူဂီ၊ပြင်သစ်၊ အင်္ဂလန်နှင့် အီတလီနိုင်ငံများတွင်ပါဖွင့်လှစ်ထားပါသည်။

  • 2009

    Havaianas ဟာ နိုင်ငံတကာစောင့်ရှောက်ရေးအသင်းနှင့်လက်တွဲပြီး Abrolhos ကျွန်းစုတွေကို ကူညီစောင့်ရှောက်ရန် ပြုလုပ်ခဲ့ပါတယ်. . .Havaianas မှ Special Flip Flops ရောင်းချရမှုတိုင်းရဲ့  7% ကို အလှူငွေအဖြစ်ထည့်ဝင်ခဲ့ပါတယ်. .

  • 2009

    Havaianas ဖိနပ်ဆိုင်ကို Sao Paulo ရှိ အကြီးကျယ်ဆုံး Shopping ထွက်သူများစည်ကားရာဖြစ်သော Oscar Freire လမ်းတွင် စိတ်ကူးယဉ်ဆန်သော ဒီဇိုင်းဖြင့် ဖွင့်လှစ်ထားပါသည်. . Brazilian Mercado market stand တွင် ဆိုင်ဖွင့်ချိန်မှာတော့ တစ်ကမ္ဘာလုံးရှိ Havaianas ရှေ့ ပြေးဆိုင်တစ်ဆိုင်ဖြစ်ခဲ့သည်။

  • 2010

    ဘရာဇီးနိုင်ငံသားတိုင်း Havaianas ဖိနပ်စီးနေချိန်မှာတော့ တစ်ခြားနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေဟာ ကံမကောင်းစွာဖြင့် စီးခွင့်မရကြပါဘူး. . .အဆိုပါကိစ္စများကြောင့် Havaianas Soul Collection ဟုခေါ် သော Rubber ဖြင့်ပြုလုပ်ထားသည့် အားကစားဖိနပ်များကို စတင်ဖြန့် ချီခဲ့ပါသည်။

  • 2010

    Havaianas ဟာ International အဆင့်မြင့်အီတလီ Brand နှင့်ပူးပေါင်းပြီး Limited edition ဒီဇိုင်းသစ်တီထွင်ထုတ်လုပ်ခဲ့ရာ အောင်မြင်မှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ခဏတာအတွင်းချက်ချင်းရောင်းကုန်သွားခဲ့သည်...

  • Havaianas History from [1962]

    2011

    ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်များ ဖြစ်သော Disney Characters များအား ရုပ်ပြမော်ဒယ်အဖြစ်ဖိနပ်ဒီဇိုင်းများကို ပဉ္စလက်ဆန်စွာ ဖက်စပ်ထုတ်ဝေခဲ့ပါသည်. . .